အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့ရှိ လာဗန်ဒါလမ်းအတိုင်း အမ်မလီ ကန်ဝါ့ဒ် လျှောက်လာသည်။ သူသည် မကြာမီကမှ သခင်ယေရှုကို ယုံကြည်သူအဖြစ် ပြောင်းလဲလာပြီး၊ ယခု ထိုလမ်းကို မြင်သည့်အမြင်က ကွဲပြားနေသည်။ နေ့ခင်းဘက်တွင် ကန့်လန့်ကာ ချထားသော အိမ်မည်မျှရှိသည်၊ ထိုပတ်ဝန်းကျင်၌ သက်ကြွယ်လူကြီး အများပြားရှိနေသော်လည်း အိုမင်းမစွမ်းသူများ မည်မျှရှိသည်ကို သူမ သတိပြုမိသည်။ သို့နှင့် သူအကြံတစ်ခုရခဲ့သည်။
သူမသည် ဘရိုက်တန်မြို့ရှိ သက်ကြီးရွယ်အိုများ၏ နေရပ်လိပ်စာများကို စုံစမ်းပြီး၊ သူတို့ကို နေ့လည်ခင်းလက်ဖက်ရည်ပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ ရောက်လာသူများက ယခုတွင် တစ်ဦးတည်းနေပြီး၊ လအတော်ကြာကြာ မည်သူနှင့်မျှ မတွေ့ဘဲ နေနေကြကြောင်း ပြောသည့်အချက်က တူညီကြသည်။ မည်သည်ကို သူတို့တောင့်တသနည်း။ အလည်လာမည့်သူကို တောင့်တကြသတည်း။
သခင်ယေရှုကို ယုံကြည်ခြင်းက ကမ္ဘာကြီးနှင့် ၎င်း၏လိုအပ်ချက်များအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်ပုံကို ပြောင်းလဲစေသည်။ သက်သာလောနိတ်မြို့သားများ သည် ဘုရားသခင်ထံသို့ ပြောင်းလဲပြီးနောက် ၎င်းတို့၏ပြောင်းလဲသောအသက်တာက…
လွန်ခဲ့သောနှစ်အတန်ကြာက အနုပညာရှင် Michael Landy(မိုက်ကယ်လန်ဒီ)သည် သူပိုင်သောပစ္စည်းအားလုံးကို စာရင်းပြုစုရာတွင် ပစ္စည်းပေါင်း ၇,၂၂၇ ခု ရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် သူလုပ်ခဲ့သည့်အရာက အံ့ဩစရာပါ။ လန်ဒန်မြို့၏ အစည်ကားဆုံးဈေးဝယ်ဧရိယာတွင် စက်ရုံတစ်ခုတည်ပြီး၊ လူအများရှေ့၌ သူပိုင်ဆိုင်သည့် အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ အဝတ်အစား၊ အနုပညာလက်ရာများ၊ ချစ်ရေးချစ်ရာစာများနှင့် သူ၏ကားကိုပင် ချိုးဖျက်ကာ ကြိတ်စက်ထဲ ပစ်ထည့်ခဲ့သည်။ အနီးအနားရှိ ကုန်တိုက်နှင့်ဆိုင်များ၌ စျေးဝယ်သူများ ဝင်ထွက်သွားလာနေချိန်တွင် လန်ဒီက “မိမိ၏ပိုင်ဆိုင်မှုများမရှိဘဲ ကျွန်ုပ်တို့သည် မည်သူများဖြစ်ကြသနည်း”ဟုမေးပြီး၊ ဖျော်ဖြေမှုများ တင်ဆက်ခဲ့သည်။
ဤမေးခွန်းသည် အရေးကြီးသည်။ အကြောင်းမှာ ကျွန်ုပ်တို့အများစုသည် မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် (သို့) မိမိတို့၏အနာဂတ်ကို လုံခြုံစေရန် ပစ္စည်းများကို ဝယ်ယူကြသောကြောင့် ဖြစ်သည်။ စည်းစိမ်များကို သိုလှောင်၍ ပစ္စည်းဝယ်သူတို့၏ပုံစံအတိုင်း အသက်ရှင်သူတစ်ဦးကို ဥပမာပေး၍ သခင်ယေရှု မိန့်ကြားရာ၊ ထိုသူသည် သူ့ကိုယ်ကိုယ် “အချင်းဝိညာဉ်၊…
ကျွန်ုပ်တို့အတွင်း၌ အနန္တဘုရားသခင်သာလျှင် ဖြည့်စွမ်းနိုင်သော “အဆုံးမရှိသော ချောက်ကြီး” ရှိကြောင်းပြောခဲ့သည့် Blaise Pascal(ဘလိတ်စ်ပါစ်ကယ်)၏ စကားက ကျော်ကြားသည်။ “အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကိုယ်တော်အတွက် ဖန်ဆင်းတော်မူပြီ၊၊ အကျွန်ုပ်တို့ စိတ်နှလုံးသည် ကိုယ်တော်၌ မတည်မီတိုင်အောင် မငြိမ်သက်နိုင်ပါ”ဟု Augustine(သြဂတ်စတင်း)က ဆုတောင်းခဲ့သည်။ ဒါဝိဒ်ကလည်း “ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏”ဟု ဆိုသည်(ဆာ ၆၃:၁)။
သို့သော် အံ့သြစရာမှာ၊ လူသားများသာ တောင့်တမှုကို ခံစားရသည် မဟုတ်ပါ။ ဘုရားသခင်လည်း ခံစားရသည်။ စကြဝဠာကို အစိုးပိုင်သော အနန္တ ဘုရားသခင်သည် မည်သည့်အရာမျှ မလိုအပ်သော်လည်း၊ ကျွန်ုပ်တို့ လမ်းလွဲသောအခါ ကျွန်ုပ်တို့အား ပြန်လာစေလိုပြီး(ယာ ၄:၄-၅)၊ သူ၏လူများဟု သူခေါ်နိုင်သည့် လူများကို အလိုရှိကြောင်း အထပ်ထပ် ပြောထားသည် (ထွ ၆:၇၊ ဟေဗြဲ ၈:၁၀)။…
တစ်နေ့သောနေ့လည်ခင်း၊ ကော်ဖီဆိုင်တစ်ခုတွင် ကျွန်တော့်ကပ်လျက်စားပွဲမှ လမ်းလျှောက်တတ်ခါစ ကလေးငယ်တစ်ဦးနှင့် သူမ၏မိဘများကို သတိထားမိ သည်။ မိဘများက သူတို့၏သူငယ်ချင်းများနှင့် စကားပြောနေစဉ်၊ ခိုတစ်ကောင်သည် ကြမ်းပြင်မှပေါင်မုန့်အပိုင်းစများကို စတင်ကိုက်နေသည်။ ထိုမြင်ကွင်းကို အံ့သြမှ အပြည့်ဖြင့် ကလေးမလေးက ဝမ်းသာအားရအော်ဟစ်ပြီး လူကြီးများ၏ အာရုံစိုက်မှုကိုရရှိရန် ကြိုးစားခဲ့သည်။ သို့သော် သူမမြင်သည့်အရာကို သူတို့လုံးဝမမြင်ဘဲ၊ သူမကို ပြုံးပြပြီး စကားသာဆက်ပြောခဲ့ကြသည်။
သခင်ယေရှုသည် တပည့်တော်များအား သာသနာပြုလုပ်ငန်းအတွက်စေလွှတ်ခဲ့ရာ၊ အလွန်အောင်မြင်ခဲ့သောကြောင့် (လု ၁၀:၁၇)၊ “ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အား ဘော်ပြတော်မူသည်ဖြစ်၍” (:၂၁)၊ “အဘကို အကျွန်ုပ်ချီးမွမ်းပါ၏”ဟု သခင်ယေရှု ဆုတောင်းခဲ့သည်။ ဤနေရာတွင် “သူငယ်” ဆိုသည်မှာ အသက်အရွယ်ကိုမဆိုဘဲ အဆင့်အတန်းကို ရည်ညွှန်းခြင်းဖြစ်သည်။ “ဖာရိရှဲနှင့် ကျမ်းတတ်တို့”သည် ဧဝံဂေလိတရားကို လျစ်လျူရှုကြချိန်တွင်(၇:၂၉-၃၄)၊ “အခွန်ခံသူမှစ၍ လူအပေါင်း”တို့သည် နှိမ့်ချစွာဖြင့် ဧဝံဂေလိတရားကို…
လန်ဒန်မြို့တွင် ကျင်းပသောပါတီပွဲတစ်ခု၌ အဖေနှင့်အမေတို့ ပထမဆုံး အကြည့်ချင်း ဆုံခဲ့သည်။ ထို့နောက် အမေနှင့်တွေ့ရရန် အဖေသည် ဖိတ်ကြားမခံရဘဲနှင့် ဒုတိယအကြိမ်ပါတီပွဲသို့သွားခဲ့သည်။ တတိယအကြိမ်တွင်မူ သူက ပါတီပွဲကိုစီစဉ်ခဲ့သည်။ နောက်ဆုံးတွင် အမေ့ကို ကျေးလက်ဒေသသို့ လည်ပတ်ရန် ဖိတ်ခေါ်ကာ၊ သူတန်ဖိုးထားမြတ်နိုးသည့် ရိုဗာဆီဒင်ကားဟောင်းဖြင့် သူမအား သွားကြိုခဲ့သည်။
အဖေနှင့်အမေသည် ချစ်သူများဖြစ်ခဲ့ကြသော်လည်း ပြဿနာမှာ အမေသည် သာသနာပြုရန် ပီရူးနိုင်ငံသို့ ပြောင်းရွှေ့တော့မည်ဖြစ်သည်။ အဖေသည် သူမကို လေဆိပ်သို့ လိုက်ပို့ပေးပြီး၊ နောက် ၅ လအကြာတွင် သူကိုယ်တိုင် ပီရူးနိုင်ငံသို့ လိုက်သွားပြီး အမေ့အား လက်ထပ်ခွင့်တောင်းခဲ့သည်။ ဇာတ်လမ်း၏ အကောင်းဆုံး အပိုင်းမှာ လေယာဉ်လက်မှတ်ဝယ်ရန် အဖေသည် သူအလွန်မြတ်နိုးသော ရိုဗာကားကို ရောင်းလိုက်ရသည်။
မာသနှင့် လာဇရုတို့၏ညီမ မာရိ၏တန်ဖိုးအထားဆုံးအရာကို မေးခဲ့လျှင်၊ “အဘိုးများစွာထိုက်သောနာဒုဆီမွှေး”ဖြစ်ကြောင်း သူမပြသလိမ့်မည် (ယော ၁၂ :၃)။ သခင်ယေရှုအတွက်…
ဂန္တဝင်ရုပ်ရှင် Citizen Kane တွင်၊ ချားလ်စ်ဖော့စတာကိန်း(Charles Foster Kane) သည် အင်အားကြီးသော သတင်းစာလုပ်ငန်းကို တည်ဆောက်ခြင်းဖြင့် ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို စုဆောင်းခဲ့သည်။ ကိန်းသည် အနုပညာလက်ရာများအပြည့်ဖြင့် လှပခမ်းနားသောဥယျာဉ်များပါရှိသည့် ရဲတိုက်တစ်ခု တည်ဆောက်လျက် မိမိစိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်ခြင်းက ဒေသနာကျမ်း ၂:၄-၁၁ မှ ပုံပြင်ကို ပြန်အမှတ်ရစေသည်။
အခြားသူဌေးကြီးများကဲ့သို့ပင် ကိန်းအမှန်တကယ်လိုချင်သောအရာမှာ ချီးမြှောက်ခြင်းပင်ဖြစ်သည်။ သူ့ကိုယ်ပိုင် နိုင်ငံရေးလမ်းကြောင်းအတွက် ငွေကြေး စိုက်ထုတ်ရင်းနှီးခဲ့ပြီး၊ မအောင်မြင်သောအခါ ကဲ့ရဲ့မခံရအောင် မဲဆန္ဒရှင်များ၏ “လိမ်လည်မှု”ဟု အပြစ်တင်သည်။ သူ့ဇနီးသည်အတွက် အော်ပရာ ဇာတ်ရုံ ဆောက်ပေးပြီး၊ သူမနှင့် မကိုက်ညီသော အဆိုတော်အလုပ်ကို အတင်းအကြပ်လုပ်စေကာ သူ့အပေါ် လူထုမှအကောင်းမြင်ရန် ပြုလုပ်ခဲ့သည်။ ဒေသနာကျမ်းမှ ချမ်းသာကြွယ်ဝမှုနောက်လိုက်သူတို့အား ထိုကြွယ်ဝမှုက ဘေးဒုက္ခ ရောက်စေပြီး(၅:၁၀-၁၅)၊ သူတို့၏နေ့ရက်ကာလကို “မှောင်မိုက်၌ လွန်စေ(လျက်)၊ များစွာသော နှောင့်ယှက်ခြင်း၊…
ရစ်ချက်ဂရစ်ဖင်(Richard Griffin)သည် ဒုတိယမြောက် ဘုရင်မကြီးအဲလိဇဘက် (Queen Elizabeth II)၏ ကိုယ်ရေးရဲအရာရှိအဖြစ် (၁၄)နှစ်တာမျှ ထမ်းဆောင်ခဲ့သည်။ တစ်နေ့တွင် ဘာမိုရာ(Balmoral)ရဲတိုက်အနီးရှိ တောင်ကုန်းပေါ်သို့ ပျော်ပွဲစားထွက်သည့် ဘုရင်မကြီးအား အဖော်ပြုလိုက်ပါပေးစဥ် အမေရိကန်နိုင်ငံသား ခြေလျင်ခရီးသွားနှစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသူနှစ်ဦးက သာမန်အရပ်သားဝတ်စုံဝတ်ဆင်ထားသော သက်ဦးဆံပိုင်ဘုရင်မကြီးကို မသိဘဲ “ဘုရင်မကြီးကို တွေ့ဖူးသလား”ဟုမေးရာ၊ ဘုရင်မကြီးက အရွှန်းဖောက်လျက် “ကျွန်မတော့ မတွေ့ဘူးပါဘူး။ ဒါပေမယ့် ဟောဒီရစ်ချတ်ကတော့ သူမကို အမြဲတွေ့နေကြပါ”ဟု ပြန်ဖြေခဲ့သည်။ ထိုသူနှစ်ဦးမှာ မင်းဧကရာဇ်နှင့် နီးစပ်စွာ နေရသူတစ်ဦးကို တွေ့ရ၍ အလွန်စိတ်လှုပ်ရှားကာ၊ ဘုရင်မကြီးအား ကင်မရာပေးပြီး၊ ရစ်ချက်ဘေးတွင် ဟန်ပန်အပြည့်ဖြင့်ရပ်လျက် “ဓါတ်ပုံတစ်ပုံလောက်ရိုက်ပေးပါ”ဟု ဆိုလိုက်သည်။
ထိုသို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ရှေ့မှာထားပြီး မသိခြင်းသည် ပထမဆုံး အကြိမ်မဟုတ်ပါ။ ယာကုပ်သည် ဗေသေလအရပ်တွင် အိပ်မက်ထဲ၌ ထာဝရဘုရားနှင့် တွေ့ဆုံပြီးနောက် “အိပ်ပျော်ရာမှ နိုးလျှင်၊ အကယ်စင်စစ် ထာဝရဘုရားသည်…
အရစ္စတိုတယ်(လ်) (Aristotle)က မည်သူမျှ ဘုရားနှင့် မိတ်ဆွေမဖြစ်နိုင်ဟု ဆိုပါသည်။ အဘယ့်ကြောင့်နည်း။ ပေါင်းဖော်မိတ်ဖွဲ့မှုအတွက်သာတူညီမျှမှုရှိရန် လိုအပ်ပြီး၊ နိမ့်ပါးသောလူသားများနှင့် တန်းတူဖြစ်ရန် အဘယ်ဘုရားက ၎င်းတို့၏ မြင့်မြတ်သောအဆင့်အတန်းမှ ဆင်းလာမည်နည်း။
နိမ့်ကျသောလူသားဖြစ်ရန် မြင့်မြတ်သော အဆင့်အတန်းမှ ဆင်းကြွလာသော အရာခပ်သိမ်းဖန်ဆင်းရှင် (ဖိ ၂:၆-၈၊ ကော ၁:၁၆) ယေရှုသည် နောက်ဆုံးညစာစားပွဲ၌ရှိနေပြီး၊ သူ၏ တပည့်တော်များအား ကျွန်ဟူ၍မခေါ်၊ အဆွေဟူ၍ခေါ်မည် (ယော ၁၅:၁၅)ဟု မိန့်မှာခြင်းကြောင့် အကယ်၍ အရစ္စတိုတယ်(လ်)သည် ထိုညစာ စားပွဲ၌ (မ ၂၆:၂၆-၃၅) ရှိနေမည်ဆိုလျှင် သူဘာလုပ်မည်ကို ကျွန်ုပ်သိချင်မိသည်။
အရစ္စတိုတယ်(လ်)သည် ထိုစားပွဲတွင် ထိုင်နေသူများကိုမြင်လျှင်လည်း အံ့အားသင့်သွားမည်ပင်။ ထိုနေရာတွင် ရောမလူတို့နှင့်ရင်းနှီးသော အခွန်ခံမဿဲ၊ ရောမတို့အား ရှုတ်ချသော မျိုးချစ်ဇေလုတ် ရှိမုန် (မ ၁၀:၃-၄)၊ မိုးကြိုးသား ယာကုပ်နှင့်ယောဟန် (မာ ၃:၁၇)၊ တည်ငြိမ်သော ဖိလိပ္ပုတို့…
“အရာရာ မှားယွင်းလျက် စိတ်ပျက်ဖွယ်များကြုံရသည့်အခါ ညဥ့်သန်းခေါင်၌ သင်မည်သူ့ကို ဖုန်းခေါ်နိုင်မည်နည်း”။ လွန်ခဲ့သောနှစ်များစွာက ဤမေးခွန်းကို ပထမဆုံးကြားခဲ့စဥ် ကျွန်တော်တုန်လှုပ်ခဲ့သည်။ မိမိဒုက္ခရောက်ချိန်တွင် မိတ်ဆွေတို့ကို အားကိုး၍ရသည်အထိ မိတ်ဆွေများနှင့်ကျွန်တော့်ကြားတွင်ဆက်ဆံရေး ခိုင်မာမှု မည်မျှရှိပါသနည်း။ ကျွန်တော် အသေအချာ မသိခဲ့ပါ။
ကျမ်းစာတွင် မိတ်ဆွေဖွဲ့ခြင်းအကြောင်း များစွာပြောထားပြီး၊ မိတ်ဆွေတစ်ဦးကို နှုတ်လုံသူ (သု ၁၁:၁၃၊ ၁၆:၂၈)၊ အကြံဉာဏ်များပေးသူ (၂၇:၉) နှင့် စည်းစောင့်သူ (၂၅:၁၇) အဖြစ် ဖော်ပြထားသည်။ သို့သော် ဆက်ဆံရင်းနှီးမှု၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာ၌ သခင်ယေရှုလောက် အနက်ဖွင့်ကောင်းသူ မရှိပါ။ ကြော်ငြာလုပ်ငန်းအတွက် ကျွန်ုပ်တို့သည် ဈေးကွက်၊ အလုပ်ရှင်အတွက် ကျွန်ုပ်တို့သည် ဝန်ထမ်းများ ဖြစ်သော်လည်း၊ အရာခပ်သိမ်းကို အုပ်စိုးရှင်အတွက်မူ ကျွန်ုပ်တို့သည် “မိတ်ဆွေများ”ဖြစ်သည်(ယော ၁၅:၁၅)။ သူ၏ဆက်ဆံရေးကို ဘုရားသခင်ကို ချစ်ခြင်းနှင့် သူ၏စွန့်လွှတ်အနစ်နာခံခြင်း၌ တည်ဆောက်သည်ဟု သခင်ယေရှုဖော်ပြခဲ့သည် (:၁၃၊၁၅)။…
San Fruttuoso (စံဖရူတူအောဇို)ဘာသာရေးကျောင်းဆောင်သည် အီတလီနိုင်ငံ၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ကွေ့တွင် တည်ရှိသည်။ ထိုနေရာသို့ လှေ (သို့) ခြေလျင်ဖြင့်သာ သွားလာနိုင်သည်။ သို့သော် ထိုပင်လယ်ကွေ့တွင် ရတနာများ ခိုအောင်းနေသည်။ ရေငုပ်သမားများ စွန့်စားပြီး ပေ ၅၀ ခန့် အောက်သို့ ဆင်းလိုက်လျှင် လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို စတင်မြင်လာရမည်ဖြစ်သည်။ ထိုသူမှာ တွင်းနက်ကြီးအတွင်းမှ ခရစ်တော်ရုပ်တုဖြစ်သည်။ ၎င်းသည် ၁၉၅၄ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့ပထမဦးဆုံး ရုပ်တုဖြစ်ပြီး၊ ထိုနက်နဲသောအရပ်မှ ကောင်းကင်သို့လက်မြောက်ထားသော သခင်ယေရှုပုံကြေးရုပ်တုဖြစ်သည်။
နက်နဲသောအရာနှင့် သင်ကြုံဖူးကောင်းကြုံဖူးပါလိမ့်မည်။ ဆာလံ ၆၉:၂-၃ တွင် “နက်လှသောရွှံထဲမှာ ကျွံပါပြီ” “အော်ဟစ်၍ ပင်ပန်းပါပြီ” ဟုဆိုထားသည်။ ရန်သူများ၏လှောင်ပြောင်ကဲ့ရဲ့ခြင်းကိုခံရပြီး မိသားစုနှင့် ကင်းကွာနေသည့် (:၄၊ ၇-၁၂) ဆာလံဆရာမှာ အခြားသူများထံမှ သက်သာရာရှာမတွေ့ဘဲ (:၂၀)၊ ထိုဆင်းရဲခြင်း၏ဝါးမျိုမှုခံရပြီး၊ နက်နဲရာ၌ နှစ်မြှုပ်မှာကို…